ရုပ်ရှင်ထုပ်လုပ်သူတစ်ဦးက ရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့် အဖွဲ့ဝင်အချို့ နှုတ်ထွက်ပေးရန် လွှတ်တော်သို့တိုင်ကြားထား
ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးက ရုပ်ရှင်အစည်းအရုံးဥက္ကဌအပါအ၀င်
အဖွဲ့ဝင်အချို့အား နှုတ်ထွက်ပေးရန် လွှတ်တော်သို့တိုင်ကြားထားကြောင်း
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ယနေ့ပြုလုပ်သောသတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
"သူတို့က မြန်မာနိုင်ငံဗီဒီယိုအခြေခံအစည်းအရုံး ဆိုပြီးခွဲထွက်မယ်
လို့ခြိမ်းခြောက်လာပါတယ် စည်းလုံးညီညွတ်နေတဲ့ အစည်းအရုံး
တစ်ခုပြိုကွဲမှာကြောက်လို့အတွင်းစည်းအနေနဲ့ဒီပြဿနာကိုညှိနှိုင်းခဲ့ပါတယ်
မရတဲ့အတွက်ဒီလိုသတင်းစာရှင်းလင်းပွဲလုပ်ရတာပါ ကျွန်တော်အပါ အ၀င်
ရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှုးကိုပါ နှုတ်ထွက်
ဖို့တိုင်းကြားစာမှာထည့်သွင်းတိုင်းကြားထားတယ် " ဟု ဦးဇင်ဝိုင်းကပြောသည်။
မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ရေး ပိုင်ရှင် ဖြစ်သူ ဦးဝင်းကိုက
ရုပ်ရှင်အစည်းအရုံးဥက္ကဌနှင့်အဖွဲ့ဝင်တစ်ချို့အား တိုင်ကြားခဲ့ခြင်းဖြစ်ပြီး
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်တွင်လည်း ဖော်ပြထားသောကြောင့်
ရုပ်ရှင်အစည်းအရုံးမှ ပြန်လည်ဖြေရှင်းခြင်းဖြစ်သည်။
Posted From Messanger News Journal
Thit Htoo Lwin blog
No comments:
Post a Comment