Monday, February 11, 2013

ဒီလို ရွဆေးတွေ ကွမ်းယာဆိုင်မှာတောင် လွယ်လွယ်ကူကူဝယ်လို့ရနေ


ဒီလို ရွဆေးတွေ ကွမ်းယာဆိုင်မှာတောင် လွယ်လွယ်ကူကူဝယ်လို့ရနေလို့ မြန်မာအမျိုးသမီးတွေ သတိထားကြပါ။
----------------------------------------------
By ရဲဇာနည်

ကာမရာဂစိတ်ကိုထကြွစေသည့် တရားမ၀င်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
၉-၂-၂၀၁၃ ရက်နေ့ ၁၉၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့၊ ပုံကျွန်းရပ်ကွက်၊ ကညုံရပ်ကွက်နေ ဦးအောင်နိုင်(၄၈)နှစ်၏ ““အာရုဏ်ဦး””ဆေးဆိုင်သို့ သတင်းအရ၀င်ရောက်ရှာဖွေရာ အမျိုးသမီးများအားတိုက်ကျွေးပါက ကာမရာဂစိတ်ကိုထကြွစေသည့် တရုတ်နိုင်ငံထုတ် Hongzhizhu,Jita Kewang, Taiguofenနှင့် Cangyingfen စာတမ်းများပါ တရားမ၀င်ဆေးမှုန့်အထုပ်(၂၆၈)ထုပ်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ သဖြင့် ဦးအောင်နိုင်အား ထားဝယ်ရဲစခန်း(ပ)၅၉/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ၁၁၃၀အချိန် အဆိုပါဆိုင်သို့ထပ်မံရှာဖွေခဲ့ရာ တရုတ်နိုင်ငံထုတ် ဆေးများဖြစ်သည့် ကျားဟိုမုန်းအားတိုးဆေး Play Boy စာတမ်းပါဆေးအမျိုးအစား ၆ မျိုး၊ အချိန် ကြာမြင့်စေသည့်လိမ်းဆေး၊Sholonying စာတမ်းပါလိမ်းဆေး၊Lady A Bergin စာတမ်းပါ လိမ်းဆေး၊ Nivea Beauty Breast စာတမ်းပါလိမ်းဆေး ၂ မျိုး၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၁၉၆၅၀၀ိ/-)ခန့်အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ မြိတ်ရဲစခန်းမှ ပူးပေါင်းအဖွဲ့သည် ၁၂၃၅အချိန် မြိတ်မြို့၊ ဘုရားကိုင်ရပ်ကွက်နေ အောင်ကျော်မိုး(၄၂)နှစ်၏ကွမ်းယာဆိုင်၊ ၁၂၄၀အချိန် (၁)ရပ်ကွက်ရှိ ဦးကျော်မြင့်(၅၆)နှစ်၏ ကွမ်းယာဆိုင်နှင့် ၁၂၃၀အချိန် ဈေးတန်းရပ်ကွက်ရှိ ဇော်ဇော်ဝင်း(ခ)ဗေဒါ(၂၃)နှစ်၏ ကွမ်းယာ ဆိုင်များသို့ အဖွဲ့များခွဲ၍၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ ကွမ်းယာဆိုင်အသီးသီးတွင်Red Spider စာတမ်းပါကော်ဖီမစ်ထုပ်၊ American စာတမ်းပါ ကော်ဖီမစ်ထုပ်၊ လိင်ပိုင်းဆိုင်ရာ နိုးကြွစေသည့် တရုတ်နိုင်ငံထုတ်ဆေးဝါးမျိုးစုံ၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၆၇၀၀၀ိ/-)ခန့်အား ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အောင်ကျော်မိုးအား မြိတ်ရဲစခန်း(ပ)၁၀၀/၂၀၁၃၊ အမျိုးသားဆေးဝါးများဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ကျော်မြင့်အား (ပ)၁၀၁/၂၀၁၃၊ အဆိုပါဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း၊ ဇော်ဇော်ဝင်း(ခ)ဗေဒါအား (ပ)၁၀၂/၂၀၁၃၊ အထက်ပါဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment