စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား
Friday, 08 February 2013 16:30
ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်းကြီး
ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ
အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်
ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက
ကမ္ဘာမြေပြင်ရှိ အဓိက ဆက်သွယ် ရေးလိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု
ဆိုသည်။
စူပါနေမုန်တိုင်းများသည်
နှစ်ပေါင်း ၂၀၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၁၈၅၉
ခုနှစ်က ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဂျီပီအက်စ်နှင့် မိုဘိုင်းဖုန်းများ အပါအ၀င်
ဆက်သွယ်ရေး ကွန်ရက်များကို ပြတ်တောက်စေနိုင်သည့် စူပါနေမုန်တိုင်း
ကျရောက်မှုကို ကာကွယ်ရန် ပညာရှင်များက ကြိုတင် ပြင်ဆင်နေကြသည်။
ဗြိတိန်နိုင်ငံ တော်ဝင်အင်ဂျင်နီယာ အကယ်ဒမီက ပမာဏ ကြီးမားလှသည့်
ဓာတ်ရောင်ခြည် ပေါက် ကွဲမှုကြီးကို ရှောင်လွှဲ၍ မရနိုင်ကြောင်းနှင့်
အစိုးရအနေဖြင့် ဗြိတိန် အာကာသ မိုးလေ၀သ ဘုတ်အဖွဲ့ကို
ဖွဲ့စည်းထားသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့က ဂြိုဟ်တု စုစုပေါင်း၏
ဆယ်ပုံ တစ်ပုံကို ပျက် စီးသွားစေပြီး လေကြောင်းနှင့် ရေကြောင်း
ခရီးစဉ်များကို အနှောင့်အယှက် ဖြစ်စေမည့် နေမုန်တိုင်းကို ကာကွယ်ရေး
မဟာဗျူဟာ ချမှတ်ရန် အစိုးရအား ဦးဆောင် အကြံပြုသင့်သည်ဟု ဆိုသည်။
စူပါနေမုန်တိုင်းများသည် ပုံမှန်အတိုင်း ဖြစ်ပေါ်ခဲ့သော်လည်း ဂြိုဟ်တု
ဆက်သွယ်ရေး စနစ်များကို အသုံးပြုသည့် အာကာသခေတ် အတွင်း၌မူ စူပါနေမုန်တိုင်း
ဒဏ်ခံရသည့် အတွေ့အကြုံ မရှိသေးပေ။
စူပါနေမုန်တိုင်း
ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှနေ၍ ကမ္ဘာမြေပြင်ဆီသို့ ထုတ်လွှတ်မှုများကို
ဟန့်တားခံရ သောကြောင့် ဂျီပီအက်စ် အချက်ပြ စနစ်သည် တစ်ရက်မှ သုံးရက်အထိ
ပြတ်တောက် သွားမည်ဖြစ်သည်။ ၄င်းအပြင် sat-nav စနစ်မှာလည်း အလုပ်ဖြစ်တော့မည်
မဟုတ်ဟု ဆိုသည်။ ဓာတ်ကြွှနေသော ပါတီကယ် များသည် အနိမ့်ပိုင်းအထိ
ထိုးဖောက်လျက် ကမ္ဘာ့လေထု အလွှာအတွင်းသို့ ရောက်လာပြီး လေယာဉ် များ၏
အီလက်ထရွန်နစ် စနစ်များကိုလည်း ပျက်စီးစေဖွယ် ရှိသည်ဟု ဆိုသည်။
Daily Mail
Eleven Media Group
စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင် သတိပေးနိုင်ရန် မိနစ် ၃၀ သာ အချိန်ရမည် ဖြစ်ကြောင်း သိပ္ပံပညာရှင်များ ထုတ်ဖော်ပြောကြား
Friday, 08 February 2013 16:30
Friday, 08 February 2013 16:30
ရာစုနှစ် တစ်ခုတွင် တစ်ကြိမ်သာ ဖြစ်ပေါ်မည့် စူပါနေမုန်တိုင်းကြီး ဖြစ်ပေါ်မှုကို ကြိုတင်သတိပေး နိုင်ရန်အတွက် မိနစ် ၃၀ သာ အချိန်ရမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။ ယင်းစူပါ နေမုန်တိုင်းကြီးက ကမ္ဘာမြေပြင်ရှိ အဓိက ဆက်သွယ် ရေးလိုင်းများကို ပြတ်တောက်သွား စေလိမ့်မည်ဟု ဆိုသည်။
စူပါနေမုန်တိုင်းများသည် နှစ်ပေါင်း ၂၀၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်ပြီး နောက်ဆုံးအကြိမ်အဖြစ် ၁၈၅၉ ခုနှစ်က ဖြစ်ပေါ်ခဲ့သည်။ ယခုအခါ ဂျီပီအက်စ်နှင့် မိုဘိုင်းဖုန်းများ အပါအ၀င် ဆက်သွယ်ရေး ကွန်ရက်များကို ပြတ်တောက်စေနိုင်သည့် စူပါနေမုန်တိုင်း ကျရောက်မှုကို ကာကွယ်ရန် ပညာရှင်များက ကြိုတင် ပြင်ဆင်နေကြသည်။
ဗြိတိန်နိုင်ငံ တော်ဝင်အင်ဂျင်နီယာ အကယ်ဒမီက ပမာဏ ကြီးမားလှသည့် ဓာတ်ရောင်ခြည် ပေါက် ကွဲမှုကြီးကို ရှောင်လွှဲ၍ မရနိုင်ကြောင်းနှင့် အစိုးရအနေဖြင့် ဗြိတိန် အာကာသ မိုးလေ၀သ ဘုတ်အဖွဲ့ကို ဖွဲ့စည်းထားသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းအဖွဲ့က ဂြိုဟ်တု စုစုပေါင်း၏ ဆယ်ပုံ တစ်ပုံကို ပျက် စီးသွားစေပြီး လေကြောင်းနှင့် ရေကြောင်း ခရီးစဉ်များကို အနှောင့်အယှက် ဖြစ်စေမည့် နေမုန်တိုင်းကို ကာကွယ်ရေး မဟာဗျူဟာ ချမှတ်ရန် အစိုးရအား ဦးဆောင် အကြံပြုသင့်သည်ဟု ဆိုသည်။
စူပါနေမုန်တိုင်းများသည် ပုံမှန်အတိုင်း ဖြစ်ပေါ်ခဲ့သော်လည်း ဂြိုဟ်တု ဆက်သွယ်ရေး စနစ်များကို အသုံးပြုသည့် အာကာသခေတ် အတွင်း၌မူ စူပါနေမုန်တိုင်း ဒဏ်ခံရသည့် အတွေ့အကြုံ မရှိသေးပေ။
စူပါနေမုန်တိုင်း ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှနေ၍ ကမ္ဘာမြေပြင်ဆီသို့ ထုတ်လွှတ်မှုများကို ဟန့်တားခံရ သောကြောင့် ဂျီပီအက်စ် အချက်ပြ စနစ်သည် တစ်ရက်မှ သုံးရက်အထိ ပြတ်တောက် သွားမည်ဖြစ်သည်။ ၄င်းအပြင် sat-nav စနစ်မှာလည်း အလုပ်ဖြစ်တော့မည် မဟုတ်ဟု ဆိုသည်။ ဓာတ်ကြွှနေသော ပါတီကယ် များသည် အနိမ့်ပိုင်းအထိ ထိုးဖောက်လျက် ကမ္ဘာ့လေထု အလွှာအတွင်းသို့ ရောက်လာပြီး လေယာဉ် များ၏ အီလက်ထရွန်နစ် စနစ်များကိုလည်း ပျက်စီးစေဖွယ် ရှိသည်ဟု ဆိုသည်။
Daily Mail
Eleven Media Group
No comments:
Post a Comment