မိသားစု အတွက် အချိန်ပေးကြပါ
======================
======================
အဖေတစ်ယောက်ဟာ သူ့ရဲ့တစ်နေကုန်လုပ်ရတဲ့ အလုပ်ကနေ ပင်ပန်းစွာနဲ့ နောက်ကျမှ အိမ်ကိုပြန်လာခဲ့တယ်။ သူ့ရဲ့ ၅ နှစ်အရွယ်သားလေးက အဖေ့ရဲ့ အိမ်အပြန်ကို တံခါးပေါက်ကနေ စောင့်နေတယ်။
သား - “ အဖေ... သားတစ်ခုလောက်မေးလို့ရမလား.
အဖေ - “ ရတာပေါ့ .. သားရယ်.. ”
သား - “ အဖေ .. တစ်နာရီ အလုပ်လုပ်တာ ဘယ်လောက်ရလဲ ”
အဖေ - “ ဒါ.. သား အလုပ်မဟုတ်ပါဘူးကွာ...... ”
သား - “ ကျေးဇူးပြုပြီးတော့ .. သားကိုပြောပြပါ... အဖေ”
အဖေ - “ အဖေ တစ်နာရီ အလုပ်လုပ်တာ ဒေါ်လာ 20 ရတယ် သားရဲ့...”
သား - “ ဒါဆို .. အဖေ ..သားကို ဒေါ်လာ 10 ချေးပေး ”
အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ အဖေဟာ စိတ်ဆိုးဆိုးနဲ့ သူ့ရဲ့သားကို အော်ပြီး အိပ်ယာဝင်ဖို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူ့ရဲ့သားဟာ မျက်နှာလေးညှိုးနွမ်းစွာနဲ့ သူ့ရဲ့ အခန်းလေးထဲဝင်သွားပြီး တံခါးပိတ်လိုက်ပါတယ်။ အချိန်အနည်းငယ်ကြာတဲ့အခါမှာ
အဖေ - “ အဖေ ကြမ်းတမ်းစွာဆက်ဆံမိတဲ့အတွက
သူ့ရဲ့ သားလေးဟာ ပျော်ရွှင်စွာနဲ့ သူ့အဖေကို ကျေးဇူးအများကြီးတင်ကြောင်း
သား - “ အဖေ . အခု သားဆီမှာ ဒေါ်လာ 20 ရှိသွားပြီ.. အဲ့ဒီပိုက်ဆံနဲ့ သား အဖေ့ရဲ့ အချိန်တစ်နာရီဝယ်မယ် ... မနက်ဖြန် အိမ်ကို စောစောပြန်ခဲ့ပါ .. အဖေနဲ့အတူတူ သား ညစာစားချင်တယ်...”
အဲ့ဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ .. အဖေဟာ မျက်ရည်ကျပြီးတော့ သူ့သားကို ပွေ့ဖက်လိုက်ပါတော့တယ်...။
မြန်မာ့သားကောင်း
No comments:
Post a Comment