Tuesday, February 12, 2013

ကုလသမ္မဂက မစ္စတာကင်တာနားဟာ စစ်တွေကို ရောက်နေပြီ


 

U Khaing Aung Kyaw
ဒီကနေ့  ကျွန်တော့်ကို သတင်းထောက်တွေက မေးကြတယ်။ ကုလသမ္မဂက မစ္စတာကင်တာနားဟာ စစ်တွေကို ရောက်နေပြီ ။ ရခိုင်လူမျိုးတွေက ဘာလုပ်သင့်သလဲလို့ မေးတယ် ။ ကျွန်တော်က တခွန်းထဲ ဖြေပေးတယ် ။ Get Out Quintina- စာရေးပြီး ပိုစတာထောင် ဆန္ဒထုတ်ဖေါ်ဖို့ လိုတယ်လို့ ။ ဒါက ကျွန်တော့်ရဲ့ ယုံကြည်ချက်ကို ပြောလိုက်တာ ၊ ခံယူချက်ကို ပြောလိုက်တာ ။ ကျွန်တော်က မစ္စတာကင်တာနားရဲ့  ပြောတာဆိုတာ လုပ်ပုံကိုင်ပုံကို မကြိုက်သူ ။ ရခိုင်မှာ ခလောက်ဆန်ဖို့ - နောက်ထက်ဂယက်တွေဖြစ်စေဖို့ -မုဒိမ်းမှုတွေ-နောက်ထပ်ရှင်းမရတဲ့  မီးလောင်မှုတွေ- လူသတ်မှုတွေ ဖြစ်ပေါ်လာစေဖို့  မျိုးစေ့ချ ပေါင်းသင်ရေလောင်း မြေသြဇါကျွေး လုပ်တာမျိုး တွေ ကျွန်တော်လက်မခံဘူး။ ဘယ်နိုင်ငံကဘဲလာလာ ဘယ်သူဘယ်ဝါအဖွဲ့ အစည်းကဘဲလာလာလာ အမေရိကပြည်ထောင်စု သမ္မတကဘဲလာလာ ကုလသမ္မကဘဲလာလာ ကျွန်တော်လက်ခံထားတာ သိထားတာက ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ပြီးတော့ မြန်မာနိုင်ငံမှာ ဒီကုလားလူမျိုးဆိုတ္ဒာကျွန်တော့်တသက်မှာ ကျွန်တော်မမြင်ဖူးခဲ့ ဘူး ။ မတွေ့ ခဲ့ ဖူးဖူး ၊ ကျွန်တော်က စစ်တွေသား ။ ပြီးတော့ နိုင်ငံရေးသမား ဖြစ်တယ် ။ ကျွန်တော်မြင်ဖူးရင် မြင်ဖူးတယ်ဆိုတဲ့ အကြောင်း မပြောရဲစရာ ဘာအကြောင်းမှ မရှိဘူး ။ တွေ့ ဖူးရင် တွေ့ ဖူးကြောင်း ဘာအကြောင်းကြောင့်နဲ့ မှ မပြောရဲစရာ မရှိ ။ ဒါ့ကြောင့် ကျွန်တော်တောင် မသိတဲ့ လူမျိုးကို နာမည် ထုတ်ဖေါ်ပြီး ပြောတာ လက်မခံဘူး။ မပြောစေချင်ဘူး ။
ဒါ့ကြောင့်မို့ လို့  မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ပြောတဲ့ စကားကို ကျွန်တော်က လက်ခံတာဖြစ်တယ် ။ သူက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးထဲမှာ ဒီကုလားတွေဟာ တိုင်းရင်းသားလူမျိုးမှ မဟုတ်တာလို့  ပြောတဲ့ သူဘဲလေ ။ ဒီတော့ ကျွန်တော့်သဘောတရားနဲ့  ကျွန်တော့်အတွေးအခေါ် ကျွန်တော့်ဆန္ဒနဲ့  ကိုက်ညီတယ် ။ ဒါ့ကြောင့် သူ့ စကားကို အကြွင်းမဲ့  ထောက်ခံပေးတာဖြစ်တယ် ။ ဗမာလူမျိုးတယောက်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်သားတယောက်ဖြစ်တဲ့  သမ္မတဦးသိန်းစိန်ဟာ ရခိုင်ကို မရောက်ဖူးပါဘဲနဲ့  သူ့ ရဲ့  နိုင်ငံတော်ကို အုပ်ချုပ်နေရတဲ့ အတွက် နိုင်ငံရဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တာဝန်ခံမှုကို ချပြထားတာဖြစ်တယ် ။ ကျွန်တော်က ရခိုင်မှာမွေး ရခိုင်ရေသောက် ရခိုင်လေရူ -ရခိုင်မှာ တသက်လုံးကြီးလာခဲ့ သူက ရခိုင်ပြည်နယ် တနံတလျားမှာ ဘယ်သူက ဘာလဲ ဆိုတာ ကမ်းကုန်အောင် သိတဲ့ လူပါ ။ ဒါ့ကြောင့် ရခိုင်မှာ တိုင်းရင်းသားလူမျိုးစုနွယ်ကို ဘယ်သူတွေလဲဆိုတာ သိထားတဲ့ လူဖြစ်တယ် ။
ရခိုင်လူမျိုးနွယ်စုထဲမှာ မြို ခေါ် ခမီး ၊ ချင်း၊ သက်။ ကမန်၊ မရာမာကြီး ၊ ဒိုင်းနက် လူမျိုးနွယ်စုနဲ့  ရခိုင်တွေဖြစ်တယ် ။ ဒီလူမျိုးနွယ်စုတွေဟာ နှစ်ပေါင်း ထောင်နဲ့ ချီလို့  ရှိနေပေမဲ့  သူတို့ ရဲ့  လူဦးရေဟာ သိန်းနဲ့ ချီလို့  သိန်းနဲ့ ချီလို့  မရှိကြဘူး ။ ကျွန်တော်တို့ က ရခိုင်တိုင်းရင်းသားလူမျိုးစုနွယ်အကြောင်းတွေကို သိထားသူဖြစ်တော့ ကျွန်တော်တို့  ပြောတာ ဆိုတာကို လက်ခံအသိအမှတ် ပြုရမှာက ကျွန်တော်တို့  ရခိုင်ပြည်နယ်ကို မရောက်ဖူးသူတွေက လက်ခံအသိအမှတ်ပြုရမယ်လေ ။ ခုတော့ ကုလသမ္မဂက ကိုယ်စားလှယ်က နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြောင်းလဲပြီး ဒီကုလားကို တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် ပြုပေးရမယ်ဆိုတော့ ကျွန်တော်တို့ က ဘယ်လက်ခံလို့  ရပါ့မလဲ ။ သံတမန်ကျင့်စဉ်အရ ဒီလို ပြောပိုင်ခွင့်မရှိသလို နိုင်ငံတနိုင်ငံရဲ့  ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလဲ သူ့ လိုလူမျိုးက ပြောလို့  ပြောင်းလဲပေးရမှာမှ မဟုတ်တာကိုး ။ မြန်မာနိုင်ငံလွှတ်တော်ကို မစ္စတာကင်တာနားဟာ ဂရုမစိုက်တာလား အရေမးစိုက်တာလား မပြောတတ်ဘူး ။ သူပြောချင်ရာပြောပြီး သူလုပ်ချင်ရာ လုပ်လာဖြစ်တယ် ။ ဒါ့ကြောင့်မို့ လို့  မြန်မာအစိုးရကိုလဲ တချိန်တည်းမှာဘဲ ပြောကြားလိုက်ပါရစေ ။ ဘယ်အစိုးရ ဖြစ်စေ ၊ ဘယ်အဖွဲ့ အစည်းဖြစ်စေ မြန်မာနိုင်ငံကိုလာရင် မြန်မာနိုင်ငံရဲ့  ဥပဒေကို လေးစားလိုက်နာရမယ်ဆိုတာမျိုးတော့ ကြေညာပေးဖို့ လိုအပ်ပါတယ်လို့  ပြောချင်တယ် ။
-၂၀၀၈-ဖွဲ့ အစည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့  အခြားမြန်မာနိုင်ငံရဲ့  ခေတ်အဆက်ဆက် နိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ အချက်လက်များကို ပြုပြင် ပြောင်းလဲတာကို လက်ခံနိုင်ပေမဲ့  နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကိုတော့ မထိနဲ့  ။ ကျွန်တော်တို့ က အပြင်းအထန် ကန့် ကွက်ရမှာပါဘဲ ။ ဒါ့ကြောင့်မို့ လို့  ကျွန်တော်တို့  ရဲ့  ဗုဒ္ဒဘာသာ သာသနာတော်ကို ကာကွယ်ဖို့  ကျွန်တော်တို့ မှာ တာဝန်ရှိတယ် ။ မြန်မာနိုင်ငံကို ဗုဒဒဘာသာနိုင်ငံကနေ ပျောက်ပျက်သွားအောင် ပြုလုပ်မဲ့ အစီအစဉ်တွေဟူသမျှ ကာကွယ်ဖို့ ရာ ကျွန်တော်တို့ မှာ တာဝန်ရှိတယ် ။ ဒါက ကျွန်တော့်ရဲ့  ယုံကြည်ချက် ခံယူချက်ဖြစ်ပါတယ် ။

ခိုင်အောင်ကျော် ( နယူးယောက် )
အမေရိကပြည်ထောင်စု

 

No comments:

Post a Comment