ဦးနှောက်အတွင်း သွေးခဲမှုကို ပျောက်ကင်း စေသော ကုထုံးအသစ် ခွဲစိတ် ဆရာဝန်များ ရှာဖွေ တွေ့ရှိ
လေသင်တုန်း ရောဂါ ခံစားနေရသော ဝေဒနာရှင် များ၏ ဦးနှောက်အတွင်းသို့
ဆေးထိုးသွင်း ခြင်းဖြင့် ဦးနှောက် အတွင်း သွေးခဲခြင်းကို ပျောက်ကင်း
စေနိုင်သည့် ကုထုံး နည်းသစ် တစ်မျိုးကို ဆရာဝန်များက ဖော်ထုတ် ခဲ့သည်။
အဆိုပါကုထုံး အသစ်သည် ခွဲစိတ် ကုသ၍ မရနိုင်သော ဦးနှောက်အတွင်း သွေးခဲ
ဝေဒနာရှင် များအပြင် ဦးနှောက်အတွင်း သွေးယိုစိမ့်မှု ရောဂါများကိုပါ
သက်သာပျောက်ကင်း စေနိုင်သည်။
ဦးနှောက်အတွင်း သွေးခဲရောဂါ ခံစားရ
သူများကို ယခင်က စံပြအဖြစ် သတ်မှတ်ထားသည့် ကုသမှု အတိုင်း ကုသခဲ့ရာ
သွေးခဲမှု၏ ၅ ရာခိုင်နှုန်းသာ ဖယ်ရှားနိုင် ခဲ့သော်လည်း ဦးနှောက်အတွင်း
ဆေးသွင်း ကုသခဲ့သော ကုထုံးသစ်သည် သွေးခဲမှု၏ ၅ဝ ရာခိုင်နှုန်းကို ဖယ်ရှား
ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံတွင် လေသင်တုန်း
ရောဂါဖြစ်ပွားသူ ခုနစ်ဦးအနက် တစ်ဦးမှာ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကို
ကြုံတွေ့ ရလျက်ရှိပြီး တစ်နှစ်လျှင် နိုင်ငံအတွင်း လူပေါင်း ၂ဝ,ဝဝဝ ခန့်
၎င်းရောဂါကို ခံစားရလျက် ရှိ ကြောင်း သိရသည်။
အဆိုပါ ဦးနှောက်အတွင်း
သွေးယိုစိမ့် မှုသည် ဦးနှောက် အတွင်းရှိ အားနည်းနေသည့် သွေးကြောများ ပေါက်
ထွက်ပြီး ဦးနှောက်တစ်သျှူး ဝန်းကျင်သို့ သွေးများ စိမ့်ထွက်စေသော
ရောဂါဖြစ်သည်။
ကုသရန် ခက်ခဲသော အဆိုပါ ရောဂါ အတွက် ယခုကုထုံး
အသစ်သည် ရောဂါ ပျောက်ကင်း စေနိုင်သော နည်းလမ်း တစ်ရပ် ဖြစ်လာမည်ဟု
ယုံကြည်ကြောင်း Johns Hopkins ဆေးတက္ကသိုလ်မှ အာရုံကြော ဆိုင်ရာ
ပါမောက္ခနှင့် သုတေသန ခေါင်းဆောင် ဒန်းနရယ် ဟန်လေးက ပြောကြားခဲ့သည်။
၎င်းကုထုံး သစ်မှ လေသင်တုန်း ရောဂါခံစား နေရသော ဝေဒနာရှင်၏ ဦးခေါင်းအတွင်း ၁ဝ
ပြားတန် အကြွေစေ့ ပမာဏခန့် အရွယ်ရှိ အပေါက် တစ်ပေါက်ကို ဖောက်၍
သွေးခဲနေသော နေရာတွင် ပြွန်အသေး စားကို ထည့်သွင်း ၍ သွေးခဲခြင်းကို
ပျော်ဝင်စေနိုင်သည့် ဆေးများအား ယင်းပိုက်မှ တစ်ဆင့် ရှစ်နာရီလျှင်
တစ်ကြိမ်နှုန်း သုံးရက်ခန့် ထည့်သွင်းပြီး သွေးခဲမှုကို ဖယ်ရှားပြီးနောက်
ပိုက်ကို ပြန်လည် ထုတ်ယူသည့် နည်းလမ်း ဖြစ်သည်။
အဆိုပါ ကုထုံးအသစ်သည် ပျှမ်းမျှအားဖြင့် သွေးခဲမှု၏ ၅၇ ရာခိုင်နှုန်းကို ဖယ်ရှား ပေးနိုင်ခဲ့သည်။ ။
ဆောင်းပါးရှင်-မွန်ကြီး
မြဝတီဆောင်းပါ
Myanmar News Update
No comments:
Post a Comment