သပိတ်ကျဉ်းမြို့နယ်အတွင်းက စစ်တပ်ပိုင် အဖြစ် သိမ်းထားတဲ့ လယ်တွေပြန်ပေး
2013-02-10
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမြို့နယ်၊ ကျောက်လှည်း ဘီးကျေးရွာမှာ ခလရ (၁၄၈) စစ်တပ်က သိမ်းယူထားခဲ့တဲ့ လယ်ဧက တစ်ထောင်ကျော်ကို ဒေသခံတွေ ပြန်လည် လုပ်ကိုင်ခွင့်ပေးလိုက်ပြီလို့ တောင်သူတွေက ပြောပါတယ်။
အခုလို လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတာနဲ့ပတ်
ဒေသခံ တောင်သူ ဦးစိန်မောင်က RFA ကို အခုလိုပြောပါတယ်။
" ခလရ (၁၄၈) တပ်ရင်းကနေ သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိလာပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာမိပါတယ်"
မနက်ဖြန်မှာတော့ ဒေသခံတောင်သူတွေဟာ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ပိုင်ဆိုင်ခွင့်ရရှိအောင် အထောက်အထား သွားရောက်ပြုလုပ်ကြမယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ထဲမှာ လွှတ်တော် လယ်ယာမြေ စုံစမ်းရေးကော်ရှင်နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ စစ်တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကိစ္စဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဖက် သဘောတူထားတဲ့အချက်က စစ်တပ်က မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေထံပြန်ပေးဖို့ ဆုံးဖြတ်ထားသလို တပ်က ဆက်လက် သိမ်းယူထားမယ့် လယ်ယာမြေတွေကိုလည်း ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ ပါရှိပါတယ်။
အဲဒီလို သဘောတူညီချက်တွေ ရှိခဲ့ပြီးနောက်ပိုင်း ဒီရက်ပိုင်းမှာ သိမ်းထားတဲ့ လယ်ယာမြေ အချို့ကို ဒေသခံတွေထံ ပြန်လည် ပေးအပ်ဖို့ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
ACM Re-post Time: 2013 Feb 10
News from: RFA Burmese
No comments:
Post a Comment