Saturday, February 9, 2013

သက်ဆိုင်ရာမှ အကြိမ်ကြိမ်ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့သော်


သက်ဆိုင်ရာမှ အကြိမ်ကြိမ်ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့သော်လည်း ယခုတိုင် ဒီဇယ်၊ ဓါတ်ဆီ ရောင်းချနေဆဲ

ဓနုဖြူ၊ ဖေဖော်ဝါရီ ၉ ။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ (၄) ရပ်ကွက်ရှိ ကျုးကျော်ဆိုင်တစ်ဆိုင်သည် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန တို့မှ အကြိမ်ကြိမ်ဖျက်သိမ်းရန် အမိန့်ချမှတ်ခဲ့သော်လည်း ယခုတိုင် ဒီဇယ်၊ ဓါတ်ဆီ ရောင်းချနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။
ဓနုဖြူမြို့ (၄)ရပ်ကွက်၊ မီးသတ်ဌာနရုံး၊ အဆောက်အဦး တည်ရှိရာနေရာ၏ အနောက်ဘက်တွင် မြို့ရေဘေးကာကွယ်ရန်၊ ဆည်မြောင်းဦးစီးဌာနပိုင် ရေကာတာ(ပန်းတာ) တစ်လုံးတည်ရှိပါသည်။ ဦးထွန်းကြည်ပိုင် အုတ်ရိုးဖြင့် အခိုင်အမာတည်ဆောက်ထားသော ပေ ၂၀ ပတ်လည် ဆိုင်တစ်ဆိုင်သည် ရေကာတာ(ပန်းတာ)ပေါ်တွင် တစ်ဝက်ကျော်တက်ရောက်၍ ကျူးကျော်တည်ဆောက်ထားပါသည်။ ကျူးကျော်နေသည်ကိုသိသော၊ တရားဥပဒေစိုးမိုးစေလိုသော တာဝန်သိပြည်သူမှ ကျုးကျော်ဆိုင်ခန်းအား လိုအပ်သလို ဆောင်ရွက်ပေးပါရန် တင်ပြတိုင်ကြားခဲ့ပါသည်။
တင်ပြတိုင်ကြားမှုအား စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့မှ စီစစ်၊ စစ်ဆေးပြီး၊ စည်ပင်သာယာရေးအဖွဲ့မှ စာအမှတ် ၄၄၁/ဆ-၁၉/ဓနဖ(၀၀၁)၊ စာအမှတ် ၆၉၀/ဆ-၄/ဓနဖ(၀၀၁)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာအမှတ် ၃/၁၁-၃၃/ဦး ၆ (၉) ၂၀၁၀ ဇန်န၀ါရီလ ၅ ရက်၊ စာအမှတ် ၃/၁၁-၃၃/ဦး၆(၉)၊ ၂၀၁၀၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ ဆည်မြောင်းဦးစီးဌာနမှ စာအမှတ် ၂၆၄၁/၁၈-ဒလင၊ စာအမှတ် ၂၇၉-၈၂/၁၈-ဒလင၊ စာအမှတ် ၀၃-၆/၀၈-ဒလင၊ ဌာန(၃) ဌာနမှ အကြိမ်ကြိမ်ဖျက်သိမ်းရန် အကြောင်းကြားစာများပေးပို့ခဲ့သော်လည်းယနေ့အချိန်ထိ ဖျက်သိမ်းခြင်းမရှိဘဲ ဓါတ်ဆီ၊ ဒီဇယ်များလည်းရောင်းချနေပါသည်။

- ဒို့တာဝန်အရေး (၃) ပါးပါ၊ အချုပ်အချာတည်တံ့ခိုင်မြဲရေး ဒို့အရေး
- နိုင်ငံရေးဦးတည်ချက် (၄) ရပ်ပါ၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပေးစိုးမိုးရေး
- ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ၃၅၅ ပါအချက်များအရ
ဥပဒေ၏ထိရောက်မှုများ လိုက်နာရမည်များရှိပါသော်လည်း၊ ယခုအချိန်ထိ ကျူးကျော်ဆိုင်ခန်း တည်ရှိနေခြင်းမှာ၊ အာဏာပိုင်အဖွဲ့အစည်းများမှ ဖျက်သိမ်းမိန့်များ အကြိမ်ကြိမ်ချမှတ်ပြီးသော်လည်း အကာအကွယ်ပေးနေခြင်းကြောင့်သာ ဆက်လက်တည်ရှိနေခြင်း၊ တရားဥပဒေကိုမသိကျိုးနွံပြု၊ တရားဥပဒေစိုးမိုးရေးအတွက် အနှောင့်အယှက်ပြုနေသည်များကို နိုင်ငံတော်သမ္မတကြီးနှင့်၊ တရားဥပဒေစိုးရေးကော်မရှင်များ သိသာစေရန်တင်ပြအပ်ပါသည်။
Hinthata HumanRights


Myawady News

No comments:

Post a Comment