Monday, February 11, 2013

ကိုကိုပြောမယ်... နားထောင်ကွယ်

``ကိုကိုပြောမယ်... နားထောင်ကွယ်``( အပိုင်း..၅)
=============================
ညီမလေးရေ... ညီမလေး ကိုကိုတို့ မိသားစုလေးကို ခွဲခွါသွားခဲ့တာ နှစ်တွေ၊ လတွေတောင် ကြာခဲ့ပြီနော်။ ဒါပေမဲ့... ကိုကိုလေ... ကိုကို့ညီမလေးကို ဘယ်တုန်းကမှမေ့မရခဲ့ပါဘူး။ ရေမြေတွေခြားခဲ့ပေမဲ့ ညီမလေးကို သတိရတဲ့စိတ်တွေ တံတိုင်းကြီးတစ်ခုလို မခြားခဲ့ပါဘူးညီမလေး... ရေ။ တိုင်းတပါးရောက်လို့ ကိုကိုကိုလည်းမေ့၊ ဖေဖေ့လည်းမေ့၊ မေမေ့တို့ကိ...ုလည်း မေ့သွားပြီလား ညီမလေးရေ...။ ရပါတယ်ညီမလေးရေ... မေ့ချင်လည်မေ့သွားပါ။ ဒါပေမဲ့လေ... ကိုကိုပြောမယ်။ ညီမလေးဟာ မြန်မာလူမျိုး ဗမာမိန်းကလေးဆိုတာ မမေ့ပါနဲ့ ညီမလေးရေ.... ။

မြန်မာပြည်မှာမွေး၊ မြန်မာဆန်စား၊ မြန်မာရေသောက်ပြီး မြန်မာဆိုတဲ့ မိန်းကလေးတစ်ဦးကို မြန်မာပြည်က မွေးဖွားပေးလိုက်ပြီးမှ အမိမြန်မာပြည်ကြီးကို အထင်မသေးပါနဲ့ ညီမလေးရေ... ။ အခြေမသင့်လို့ ဘုရင့်မကိုဋ်တော်ကြီး ဆန်ဆေးပလုံး ဖြစ်ရတဲ့ ဘ၀မှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို အထင်မသေးလိုက်ပါနဲ့။ အာဏာရှင်ဆန်တဲ့ ငါသိငါတတ်တွေကြောင့် ကိုကိုတို့ လူမျိုးတွေ ဘ၀တွေ ကမ္ဘာအလယ်မှာ သက်ကြီးပင်ပု ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့လေ သမိုင်းမှာ ကိုကိုတို့ မြန်မာလူမျိုး မြန်မာနိုင်ငံဟာ ဘယ်တိုင်းတစ်ပါးသားကိုမှ ကျွန်ခံချင်တဲ့စိတ်တွေ မရှိခဲ့ကြဘူး။ ဗမာဆန်စား၊ ဗမာသွေးရဲခဲ့ကြတဲ့ အလောင်းမင်းတရားကစလို့ သခင်အောင်ဆန်းတို့ထိ လေးစားဂုဏ်ယူမိတယ်။ ကျွန်သွေးမရှိတဲ့ ဗမာတွေလေ... ညီမလေးရေ။ ဒါ့ကြောင်းလည်း ကိုကိုတို့ကို အရိုင်းလို့ခေါ်ခံရတဲ့ ဆုငွေထုတ် သူပုန်အမည်ခံခဲ့ရတဲ့ သခင်အောင်ဆန်းဆိုတဲ့သူရဲကောင်းကြီး ခေါင်းဆောင်ပြီး မြန်မာပြည်ကြီး လွတ်လပ်ရေးရခဲ့တာပေါ့။ ကိုကိုထင်တာ ... သခင်အောင်ဆန်းက သူပုန်ဆို သူပုန်ပဲ ဖြစ်ရမှာပေါ့။ ဒါပေမဲ့ ခုကျမှဘာလို့ ဗိုက်ချုပ်ဖြစ်သွားရတာလည်းပေါ့။ အချိန်ဆိုတာ သူ့ခေတ်သူ့ခါ သတ်မှတ်မှု ဆိုတာ သိလာရတယ်။ အခု...ဗိုလ်ချုပ်၊ ပြည်သူချစ်တဲ့ ဗိုလ်ချုပ်။ မှန်တာကို ရဲရဲလုပ်ခဲ့တဲ့ မှန်တာကိုပဲ ပြောခဲ့တဲ့ ဗိုလ်ချုပ်။ ဒါကို ကိုကိုတို့ညီမလေးတို့ ... အမြဲ အတုယူရမယ်။ မှန်တာကို လုပ်ဖို့ သွေးရှိရမယ်။ မြန်မာပြည်ကဆန်မှာ ဘာဗီတာမင်တွေ ရှိလဲမသိပေမဲ့... မှန်တာလုပ်ရဲတဲ့ သွေးတွေကို အထောက်အကူပြုနေတဲ့ ဗီတာမင်ဓါတ်တွေ ပါနေတယ်လို့ ကိုကိုထင်တယ်။ ကိုကိုတို့ ဗုဒ္ဓဘာသာမှာ မမှန်တာ မလုပ်ဖို့ မှားနေတာတွေ ရှောင်ဖို့ ဗုဒ္ဓတရားတော်တွေမှာလည်း ပါပါတယ်။ (မှတ်ချက်... တချို့ကတော့ ဂျုံစားပြီး ဗမာသွေးမဲ့နေကြတာ၊ လိမ်နေကြတာတော့ ကိုကိုလည်း မသိဘူး။ ထမင်းတစ်နပ်လျှော့စာ ပြီး ဂျုံပြောင်းပြီး စားနေသူတွေ မပြောလိုပါ။)

ဒါ့ကြောင့် ညီမလေးရေ... မှန်တာကိုလုပ်ရဲတဲ့ သတ္တိတွေ၊ မှန်တာကိုပြောရဲတဲ့ သတ္တိတွေ တိုင်းတပါးက ဂျုံတွေ ပြောင်းစားနေရလို့များ သွေးတွေပြောင်းသွားပြီလား... ညီမလေးရေ။ မြန်မာပြည်ကမွေးတဲ့ ဗမာမိန်းကလေး ဂျုံနဲ့ ဂျလေဘီမလိုင်မုန့် စားရုံနဲ့ သွေးပြောင်းကြေးဆို ကိုကိုလေ... ဂျုံနဲ့ ဂျလေဘီမလိုင်မုန့် ပြောင်းစားကြည့်ချင်တယ်။ ဒါပေမဲ့ မြန်မာပြည်ဆန်စားပြီးမွေးလားတဲ့ ကိုကို့မှာ အမြစ်တွယ်နေတာကတော့ သူတစ်ပါးမယုတ်မာဘူး။ သူတစ်ပါးကို ဘယ်တော့မှမလိမ်ဘူး။ ဒါကို အခိုက်တန့် စားမိယင်စားမိပေမဲ့ မြန်မာဆန်ထဲကထွက်တဲ့ ဗီတာမင်တွေ ကိုကိုတို့မှာ ရှိနေတုန်းပဲ။ သံမှိုစွဲနေတုန်း။ (မှတ်ချက်... ဂျုံပြောင်းစားနေသူတွေမပါ)

ညီမလေးရေ... တိုင်းတစ်ပါးရောက်လို့ အဆင်ကော ပြေရဲ့လား။ ကိုယ့်အလုပ်အဆင်ပြေဖို့
မန်နေဂျာဆိုတဲ့ တိုင်းတစ်ပါးသားတွေ MDဆိုတဲ့ ငနဲတွေ ဖားနေရတုန်းလား။ ညီမလေးရေ... ဆောရီးပါ။ ဖားမှစားတာ စားဖားပါကွယ်။ ညီမလေး ... ကိုယ်ကိုယ်တိုင် အရည်ချင်းမရှိလို့၊ အလုပ်တွေ မလုပ်နိုင်လို့ရှိရင် ကြိုးစားပါကွယ်။ အရည်ချင်းမရှိဘဲ သူများကပ်ပေါင်းပြီး ရာထူးရချင်တဲ့ စိတ်တွေ ဂျုံစားရင်လည်း မဖြစ်စေပါနဲ့။ ဂျလေဘီမလိုင်မုန့် စားလို့လည်း မဖြစ်ပါစေနဲ့။ ဗမာဆိုတာ ကိုယ့်ခွန်ကိုယ်အားနဲ့ မှန်တာလုပ်ပြီး စားခဲ့ကြတဲ့ ထမင်းနပ်တွေပါ။ တစ်ခုတော့ကြိုပြောမယ်။ မမှန်တာ နည်းမကျတာနဲ့ ဂျုံစားနေ ဂျလေဘီမလိုင်မုန့်တွေ တစ်ဝကြီးစားပြီး အမိမြန်မာပြည်ကို ဘယ်တော့မှလည်း ပြန်မလာပါနဲ့။ မင်းဟာ ... ပင်မဗီတာမင်ချို့တဲ့ ရောဂါရနေလို့ ဆေးကုပြီးမှ ပြန်လာပါ။ H5 ..N1လို ဖြစ်နေတယ်လို့ ကိုကိုယူဆပါတယ်။ ညီမလေးစိတ်တွေ မှန်ကန်တဲ့ ပြည်သူတွေ၊ ရိုးသားတဲ့ ပြည်သူတွေအပေါ် မကူးစက်စေပါနဲ့။
ညီမလေးရေ... ကိုကိုငယ်ငယ်က ကိုကို့ကို ဦးလေးတောင်သူကြီးတစ်ယောက် ပြောပြတဲ့စကားလေး ကိုကိုပြန်ကြားမိတယ်။ ကိုယ့်မှာ... တစ်ကျပ်ရှိပြီး နှစ်ကျပ်တန်အရုပ် ဘယ်တော့မှမလိုချင်နဲ့တဲ့။ တစ်ကျပ်ရှိရင် တစ်ကျပ်တန်ပဲရမယ်။ နှစ်ကျပ်ရှိရင် နှစ်ကျပ်တန်တာပဲရမယ်တဲ့။ နှစ်ကျပ်တန်ကို တစ်ကျပ်နဲ့ရရင် ချောင်းထဲမှာ အဲ့အရုပ်ကို မြေပါနှစ်ပြီး ဖျောက်ပစ်လိုက်တဲ့။ အဲ့ဒါအတုတဲ့။ တစ်ကျပ်ရှိရင် တစ်ကျပ်တန်ပဲယူ။ နှစ်ကျပ်တန် လိုချင်ရင် နှစ်ကျပ်တန်တာရအောင် ကြိုးစားပါတဲ့။
(ဆက်ရန်......)




မြန်မာမိန်းကလေးတိုင်း
မိမိ
ဂုဏ်သိက္ခာ၊ လူမျိုးအဆင့်အား
မြှင်တင်နိုင်ကြပါစေ
စေတနာဖြင့်
မျိုးချစ်သူရဲကောင်း

11.2.2013
11.21pm
See More
 

No comments:

Post a Comment