Monday, February 11, 2013

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်

iOS 6.1 ကို အသုံးမပြုသေးရန် ကြေညာချက် ထုတ်ပြန်


Apple က တရားဝင် မထုတ်ပြန်ရသေးပေမယ့် Source တော်တော်များများ ကတော့ iOS 6.1 ကို အသုံးမပြုဖို့ တားမြစ်နေပြီ ဖြစ်ပါတယ်။

iOS 6.1 ဟာ ဘက်ထရီ အကုန်မြန်စေခြင်း၊ အပူချိန် လွန်ကဲစေခြင်း ဆိုတဲ့ အချက် နှစ်ချက်ကြောင့်မို့ ဖြစ်ပါတယ်။ အထူးသဖြင့် iPhone 4s နဲ့ မတည့်ပါဘူး။ ဒါကြောင့် iPhone 4s အသုံပြုသူများအနေနဲ့ iOS 6.1 ကို upgrade မလုပ်ကြသေးဖို့ အထူး သတိပေးချက် ထုတ်ပြန်ကြပါတယ်။

iOS 6.1 ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဖြန့်ချိခဲ့ပြီး Upgrade လုပ်သူ အများအပြား ရှိခဲ့ပါတယ်။ ယခု User Complaint များပြားလာပြီး ဘက်ထရီနဲ့ အပူလွန်ကဲ ပြဿနာကို Apple က ဖြေရှင်းပေးရတော့ မှာ ဖြစ်ပါတယ်။

မကြာမီရက်ပိုင်းအတွင်းပဲ Apple မှ သတိပေးချက် ထုတ်ပြန်လို့ ပြန် လည် ပြုပြင်ပေးထားသော OS တစ်ခု အမြန်ဖြန့်ချိပေး ရန် မျှော်လင့်လျက် ရှိကြကြောင်း သိရပါတယ်။
--
Ref: pocketlint

Ref:Tech Space

Aung Kham (TSJ team)



http://www.myanmarmobilesoftwaredeveloper.com/?p=5485



http://www.mms-developer.com/2013/02/ios-61.html#.URjZfTdhvPY

No comments:

Post a Comment