The Voice Facebook ပြန်ဖတ်နိုင်ပြီ။။။
ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၂၀၁၃
ရက်အနည်းငယ် ထိန်းချုပ်ခြင်း ခံခဲ့ရသော The Voice Media ၏ ၀က်ဆိုဒ်စာမျက်နှာများအား ယခု အခါ ပြန်လည်ဖတ် ရှုနိုင်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။
အသိပေးကြေညာခြင်း
...........................
၁။ Living Color မီဒီယာ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သောwww.facebook.com/thevoiceweekly ကို အယ်ဒီတာ အဖွဲ့ ကိုယ်စား တာဝန်ယူ စီမံခန့်ခွဲ နေစဉ် ကာလ အတွင်း လုံခြုံရေး ပိုင်းဆိုင်ရာ အားနည်းမှု အချို့ကြောင့် ဖေဖော်ဝါရီလ ၄ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ Living Color Media နှင့် မသက်ဆိုင်သော အဖွဲ့ အချို့က ဝင်ရောက် ထိန်းချုပ် ခဲ့ကြပြီး အဆိုပါ အဖွဲ့က The Voice Facebook စာမျက်နှာ တွင် သူတစ်ပါး ဂုဏ်သိက္ခာ ထိခိုက် စေသော၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမှား စေသော၊ မှန်ကန်မှု မရှိသော သတင်းနှင့် ဓာတ်ပုံများကို ဖေဖော်ဝါရီ ၁၁ရက်နေ့ အထိ ဖော်ပြ ခဲ့သဖြင့် ထိခိုက်နစ်နာ ရမှုများ အတွက် အထူးပင် ဝမ်းနည်း မိပါကြောင်း ဖော်ပြအပ် ပါသည်။
၂။ The Voice Weekly Facebook စာမျက်နှာ ပြန်လည် ရရှိရေး အတွက် အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးခဲ့ ကြသော ပြည်တွင်း ပြည်ပမှ မိတ်ဆွေများ ကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရှိ ပါကြောင်း ဖော်ပြ အပ်ပါသည်။
အယ်ဒီတာအဖွဲ့ကိုယ်စား
Web Team
Kachin Daily News
No comments:
Post a Comment