Tuesday, December 25, 2012

အရှင်သစ္စဏထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးမှထွက်ခွာ

အရှင်သစ္စဏထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးမှထွက်ခွာ





ရန်ကုန်၊ဒီဇင်ဘာ ၊၂၅ ရက်။

လက်ပံတောင်းတောင် အရေးတွင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော အရှင်သစ္စဏသည် ထိုင်းနိုင်ငံတွင် ဆေးကုသရန် ယနေ့နေ့လည်
နှစ်နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ခွာသွားသည်။

"ဒီမှာကုတာထက် ပိုမိုကောင်းမွန်မယ်ထင်လို့ သွားရောက်ကုသခြင်းဖြစ်တယ်။ ဒဏ်ရာအခြေအနေ
မသက်သာလို့သွားရောက်ကုသတာ မဟုတ်ပါဘူး"ကို ဒဏ်ရာရသံဃာတော်များ စောင့်ရှောင့်နေသော
ဆရာတော်ဦးဝိမလက မိန့်ကြားခဲ့သည်။

ဆေးကုသရန်အတွက် နိုင်ငံတော်မှခွင့် ပြုပေးရုံသာမဟုတ်ပဲ၊
ဆေးကုသမှုနှင့် ပက်သက်ပြီး အားလုံးတာဝန်ယူ မည်ဆိုသောကြောင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

နိုင်ငံတော်မှ ကူညီမှုသည် စောစောပိုင်း အချိန်ကတည်းက စတင်သင့်ကြောင်းယခုလိုအချိန်ကြာမှ ကူညီသောကြောင့်
ရောဂါဝေဒနာ ပိုခံစားရပြီး၊ အနာများမှာ ပိုရင်းလာကြောင်း
ဒဏ်ရာရ သံဃာတော်များ စောင့်ရှောင့်ပေးနေသူ ကိုခိုင်နေမင်းက ပြောကြားသည်။

"နိုင်ငံတော်က ဘာကိုတာဝန်ယူမှာလဲ၊ ဘာကိုအာမခံချက်ပေးမှာလဲ ဆိုတာ စောစောထဲက ပြတ်သားသင့်တယ်။ အခုလို
အချိန်ကြာလာတော့ ဒဏ်ရာတွေပိုရင်းတယ်၊ ပိုခံစားရတယ်"ဟု
ကိုခိုင်နေမင်းက ပြောကြားသည်။

အရှင်သစ္စဏအပါအ၀င် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သော သံဃာတော်နှစ်ပါးရှိပြီဖြစ်သည်။

ဟိန်းကို

No comments:

Post a Comment