မြင်း၏ ဆီးဖြင့် စိုက်ပျိုးထားသည့် ကမ္ဘာ့ဈေးအကြီးဆုံး နာနတ်သီး
အင်္ဂလန်တွင် မြင်း၏ဆီးဖြင့် စိုက်ပျိုးထားသည့် ကမ္ဘာ့ဈေး အကြီးဆုံး
နာနတ်သီး များအား တစ်လုံးလျှင် စတာလင် ပေါင် ၁ဝဝဝဝ ဖြင့် ဝယ်ယူနိုင်ပြီ
ဖြစ်ကြောင်း သိရသည်။
ယင်းနာနတ်သီးအား ဗစ်တိုးရီးယား
ခေတ်ကာလမှ ရှေးဟောင်း စိုက်ပျိုးရေး နည်းပညာကို အသုံးပြု၍
စိုက်ပျိုးထားပြီး မြင်း၏ ဆီးကို မြေသြဇာ အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ နာနတ်သီးပင်ကို နှစ်နှစ်ကြာ စိုက်ပျိုးခဲ့ပြီး မြေသြဇာတန် ၉ဝ
အသုံးပြု ခဲ့သည့် အပြင် ကြီးထွားလာ နိုင်စေရန် အတွက် လျှပ်စစ်အပူပေး
စက်ကိုလည်း အသုံးပြု ခဲ့ကြောင်း Lost Gardens of Heligan နာနတ်ခြံမှ
ကြီးကြပ်ရေးမှူး နီကိုလာ ဘရတ်လေး က ပြောကြားခဲ့သည်။
အဆိုပါ
နာနတ်သီးပင် တစ်ပင်လျှင် စတာလင် ပေါင် ၁၂ဝဝ အကုန်အကျခံ စိုက်ပျိုးထားသည့်
အတွက် ယင်းနာနတ်သီး၏ အနံ့နှင့် အရသာသည် အလွန် ကောင်းမွန်ကြောင်း၊ မိမိခြံမှ
ခြံလုပ်သား များကိုလည်း အရသာကို မြည်းစမ်းစေ မည်ဖြစ်ကြောင်းနှင့်
ခြံလုပ်သား များသည် ကြိုးကြိုးစားစားနှင့် စိုက်ပျိုးပေးခဲ့ သည့်အတွက်
ကျေးဇူးတင်သည့် အနေဖြင့် အဆိုပါ နာနတ်သီးများ မြည်းစမ်းစေ လိုကြောင်း
နီကိုလာက ထပ်မံ ပြောကြား ခဲ့သည်ဟု သိရသည်။
ယင်းဥယျာဉ်တွင် ဗစ်တိုးရီးယား ခေတ်မှ နည်းပညာဖြင့် စိုက်ပျိုးထားသည့် နာနတ်သီး ရှစ်ပင်ခန့် ရှိကြောင်း သိရသည်။
မြ၀တီ
No comments:
Post a Comment