=========================================================
![]() |
ဖေဖော်ဝါရီလ ၆ ရက်နေ့ က အာရကန်တိုင်းမ်စ် အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် မိတ္ထီလာ စစ်ဆေးရုံမှ ဗိုလ်မှူးကြိး တစ်ဦး အာဏာအလွဲသုံးစားပြုပြီး ဥပဒေကို လက်တစ်လုံးခြား လုပ်ကာ ကိုယ်ကျိုးရှာ နေခြင်း ဆိုသည့် သတင်းမှာ ဗိုလ်မှူးကြီး အား အပုပ်ချ လုပ်ကြံသည့် သတင်းဖြစ်ကြောင်း၊ ထိုအတွက် အနူးအညွတ် တောင်းပန်ကြောင်း အာရကန်တိုင်းမ်စ် အယ်ဒိတာများ ကိုယ်စား ကောင်းကျော်ဇံမှ တောင်းပန် ခဲ့သည်ဟု သိရသည်။
အဆိုပါ ပေးစာနှင့် အင်တာနက်တွင် ပျံနှံ့ခဲ့သော ပုံများအရ အဆိုပါ ဗိုလ်မှူးကြီးနှင့် မွတ်ဆလင် မလေးများ တွဲ၍ ရိုက်ထားသော ဓာတ်ပုံကို ဖော်ပြ အပုပ်ချသဖြင့် စစ်တပ်နှင့် ပြည်သူ အကြား မကျေနပ်မှုများ ဖြစ်ပွားစေ ခဲ့ပါသည်။ ထို့ပြင် ဘာသာလူမျိုး မခွဲခြားသည့် တပ်မတော် အပေါ် အပုပ်ချ ဝေဖန်မှုများကို မီဒီယာများမှ စိစစ် ခြင်းမရှိဘဲ ဆက်တိုက် လုပ်ဆောင်နေသည်ကို လည်း မြင်တွေ့နေရသည်။
မှန်ကန်မှု မရှိကြောင်း လုပ်ဆောင်ချက် တစ်ခုအတွက် တောင်းပန်စာ ထည့်သော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက် နစ်နာမှုအတွက် ပြင်ဆင်ရန် ခက်ခဲသည်ကို လူပေါင်း ထောင်သောင်းမက အပြန်အလှန် Share နေသည့် အင်တာနက်သတင်းများအရ သိနိုင်ပါသည်။
မီဒီယာများ ဆင်ခြင်နိုင်ပါစေ။
Oppositeyes
No comments:
Post a Comment