တိုက်ပွဲ ဆုံးသတ်ရေး အခမ်းအနားကို KIA ကပြုလုပ်
ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃
KIA တပ်ဖွဲ့သည် အစိုးရ တပ်ဖွဲ့တို့နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကို
ပြန်လည် သုံးသပ်ရေး အခမ်းအနားတရပ်ကို KIA ဗဟို ဌာနချုပ် အနီးရှိ
လဝါယန်စခန်းတွင် ယနေ့မနက်၌ ပြုလုပ်သွားကြောင်း တက်ရောက်သူ ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့မှ ဗိုလ်မှူး ကျော်ကျော်က ပြောပါသည်။
“တိုက်ခဲ့တဲ့တိုက်ပွဲကို ပြန်ပြီးတော့ သုံးသပ်တဲ့ အခမ်းအနားကို ဒီနေ့
လုပ်ဖြစ်တာပါ။ ဒီတိုက်ပွဲမှာ လေယာဉ်နဲ့ပစ်တယ်။
လက်နက်ကြီးသုံးပြီးပစ်တယ်အပါဝင်ပေါ့လေ လူအင်အားတွေလည်း များများ သုံးထားတဲ့
အတွက်ကြောင့် ကျနော်တို့ရဲ့ တောင်ကုန်းတွေ ဆုတ်ပေးခဲ့ရတယ်။ ဒါပေမဲ့
ဘယ်လိုဘဲ ဆုတ်ရဆုတ်ရ သော်လည်းဘဲ ကျနော်တို့ရဲ့ စိတ်ဓါတ်ဟာ ခိုင်မာ
သထက်ခိုင်မာနေတယ် ဆိုတာတွေ့ရတဲ့အတွက် ဒါဟာ ဒီတိုက်ပွဲရဲ့
အဓိကအားသားချက်တွေလို့ သုံးသပ်ပါတယ်။” ဟုဆို ပါသည်။
အသေအပျောက်
ဒဏ်ရာရမှုများ၊ သိမ်းရပစ္စည်းနှင့် ဆုံးရှုံးမှုများ၊ နေရာတွင်လည်း
အဆပေါင်းများစွာ ကွာခြားသည်ဟုဆို ပါသည်။ နိုင်ငံခြား စစ်တမ်း တခုတွင်
တနှစ်ခွဲကျော်ကြာဖြစ်လာခဲ့သည့် KIA နှင့် အစိုးရတို့၏တိုက်ပွဲတွင်
အစိုးရဖက်မှ (၅၀၀၀)ထက်မနဲ ကျဆုံးခဲ့သည်ဟု သုံးသပ် ထားပါသည်။ ရဟတ်ယာဉ်
ပျက်စီးမှုအပါဝင် ရထားပျက်စီးမှု၊ တံတားပျက်စီးမှုလျှပ်စစ်တာဝါတိုင်
ပျက်စီးမှုများစွာ ရှိခဲ့ပါသည်။
ယင်းအခမ်းအနားသည် နံနက် ၁၀
နာရီအချိန်တွင် စတင်ပြီး ညနေ ၂ နာရီအချိန်တွင် ပြီးဆုံးသွားပါသည်။
အခမ်းအနားကို KIA ဗျူဟာမှုး ဗိုလ်မှုးကြီးဇော်ဂေါင် ဦး ဆောင်ကျင်းပခဲ့ပြီး
အခမ်းအနားသို့ KIA တပ်မှူး ၂၇ ဦး၊ နှင့်ကျောင်းသားတပ်မ တော်မှ တပ်မှူး ၃ ဦး
တို့ တက်ရောက်ခဲ့ကြပါသည်။
“ယခုဖြစ်နေတဲ့ တိုက်ပွဲဟာ
ကျနော်တို့ဘက်က နိုင်ငံရေး တွေ့ဆုံးဆွေးနွေးရေး လမ်းစပေါ်လာအောင်
တိုင်းရင်းသား အား လုံးအတွက် အနစ်နာခံတိုက်ခဲ့တဲ့
တိုက်ပွဲလို့သဘောထားပါတယ်။ ဒါကြောင့်လဲဘဲ ကျနော်တို့အပေါ်
တိုင်းရင်းသားအားလုံး ရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ အခုတော့
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး လမ်းစတခုတော့ ပေါ်လာပြီးဖြစ်တယ်လို့ ယူဆ ရတဲ့
အတွက်ကြောင့် မို့လို့ အခုလို တိုက်ပွဲရဲ့ သုံးသပ်ချက်အခမ်းအနားကို
ကျင်းပခြင်းဖြစ်တယ်။” ဟု ဗျူဟာမှုး ဗိုလ်မှုကြီး ဇော်ဂေါင်က
ပြောကြားသွားပါသည်။
KIA မှ ချမှတ်ထားသည့်
နိုင်ငံရေးလမ်းစဉ်များကို တပ်မှူးများက အပြည်အဝ ယုံကြည်မှုရှိကြောင်း၊
ဤဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ထူးခြားသည့် စစ်ပွဲများဟု
သုံးသပ်မိပါကြောင်း၊ မပြီးဆုံးသေးသည့် တာဝန်များကို
စိတ်ဓါတ်ခိုင်မာစွာဖြင့် ဆက်လက်တိုက်ပွဲဝင်သွားကြမည် ဖြစ်ကြောင်း
တက်ရောက်သူ တပ်မှူးများက တညီတညွတ် ပြောကြားသည်ဟု ဆိုပါ သည်။
၂၀၁၂
ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် KIA တပ်မဟာ (၅) လိုင်ဇာဗဟိုဌာနချုပ်
တဝိုက်တွင် အစိုးရတပ်ဖွဲ့တို့နှင့် ပြင်း ထန်စွာတိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ (၂၅) ရက်နေ့နောက်ဆုံးထားပြီး
မိုးလဲချောင်းတလျှောက် လဂျားယန် အနီး တဝိုက်ရှိ KIA တပ်စခန်းများ
ဆုတ်ခွာပေးရန် အစိုးရတပ်ဖွဲ့မှ ရာဇသံပေးခဲ့သည်။
ဒီဇင်ဘာလ (၂၇)
ရက်နေ့တွင် အစိုးရဘက်မှ စစ်အင်အား (၃၀၀၀) ခန့် နှင့် စစ်မျက်နှာပြင် ၃
ခုဖွင့်ပြီး KIA ကို တိုက် ခိုက် လာခဲ့ပါသည်။ လက်နက်အင်အား
လူအင်အားမမျှတမှုကြောင့် KIA တပ်များ တောင်ကုန်းများမှ ဆုတ်ခွာပေးခဲ့ရပါသည်။
ဤတိုက်ပွဲများ အပြင်းထန်ဖြစ်နေချိန် ၂၀၁၃ ခုနှစ် ဇန္နာဝါရီလ (၁၉)
ရက်နေ့တွင် အစိုးရသည် တဖက်သတ် အပစ်ခတ်ရပ် စဲကြောင်း ထုတ်ပြန်ခဲ့ပါသည်။
သို့သော် ဤကဲ့သို့ နိုင်ငံတကာကြားလောက်အောင် တဖက်သတ်အပစ်ရပ်ကြောင်း ကြေ
ညာသော်လည်း အခြားတဖက်တွင် လက်နက်ကြီးအင်အား၊ လူအင်အားများ အသုံးပြုပြီး
ပြင်းပြင်းထန်ထန် ဖိတိုက်လာ သည်ကို တွေ့ရှိခဲ့သည်။ ယင်းအခြေအနေကြောင့်
အစိုးရ၏စစ်ရေး ပရိယာယ်များကို KIA တပ်မှူးများဘက်မှ နိုင်ငံရေးအ
တွေ့အကြုံအပါဝင် စစ်ရေးအတွေ့အကြုံများစွာ ရရှိခဲ့သည်။
ထို့အပြင် အစိုးရသည် တိုက်ပွဲများနှင့်အတူ စိတ်ဓါတ်စစ်ဆင်ရေးတိုက်ပွဲများလည်း ဆင်နွှဲခဲ့ပါသည်။
ကချင်လူထုအားဒုက္ခ သည်အဖြစ်ရောက်ရှိစေခြင်း၊ ကျေးရွာအားမီးရှို့ခြင်းဖြင့်
မြေလှန်ခြင်း၊ ကချင်နှင့် တခြားတိုင်း ရင်းသားများအား သွေးခွဲခြင်း၊
ကျေးရွာထဲ လက်နက်ကြီးများပစ်သွင်းခြင်း၊ေးသခံများအား အကြောင်းမဲ့
ပစ်သတ်ခြင်း၊ က ချင်ဒုက္ခသည်စခန်းသို့ ပံ့ပိုး ပစ္စည်းများ ကန့်သတ်မှု၊
လူထုအားမောင်းထုတ်မှု၊ အစာအငတ်ခံထားမှု၊စသည့် ကချင်လူထု
အားညှင်းဆဲနည်းအမျိုးမျိုး တိုက်ပွဲများနှင့် အစိုးရကပေါင်းစပ်ပြီး
ဆင်နွှဲထားသည်ကိုလည်း အတွေ့အကြုံရခဲ့ကြသည်ဟု ဆိုပါသည်။
အလားတူ KIA
မှဖေါက်ခွဲခြင်းမရှိဘဲ KIA ဟု စွပ်စွဲထားသည့် ရထားဖေါက်ခွဲခြင်းကိစ္စ၊
တံတားဖေါက်ခြင်း၊ မြစ်ကြီးနားတာဝါ တိုင်ဖျက် ဆီးခြင်းကိစ္စ၊
ကျေးရွာလူကြီးများအား သတ်ပစ်ခြင်းကိစ္စ(ဤသည်ကို အကြောင်းပြကြပြီး
ပြည်သူ့စစ်ဖွဲ့ရန်ဝါဒဖြန့် ခဲ့သည်)၊ လည်းအတွေ့အကြုံရခဲ့ပါသည်။
ထို့အပြင် အစိုးရသည် မီဒီယာကို ထိရောက်စွာ အသုံးပြုခဲ့ပါသည်။
ခရိုနီမီဒီယာများကို လိမ္မာစွာအသုံးပြုခဲ့ပါသည်။ တိုက်ပွဲ များသည်
ပြင်းထန်သလောက် ပြည်တွင်းမီဒီယာတွင် အနည်းငယ်သာရေးသားကြပါသည်။
ရေးသားမှုများသည်လည်း အစိုးရအကြီးအကဲများ၊ ထုတ်ပြန်ချက်များလောက်သာ
ဝါဒဖြန့်ကြပါသည်။ နောက်ဆုံးတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည်
အစိုးရမကြေနပ်မှုထဲမှ အထင်အရှားဆုံးဖြစ်ပါသည်။
KIA
နှင့်အစိုးရတို့သည် တိုက်ခိုက်မှုအရှိန်လျှော့ချရန် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ
(၄)ရက်နေ့ တရုတ်နိုင်ငံရွှေလီမြို့ ဆွေးနွေးပွဲ တွင် တရုတ်အစိုးရ၏
ကြားဝင်ဖြန်ဖြေမှုဖြင့် သဘောတူခဲ့ကြပါသည်။ ဤသဘောတူညီချက်သည် KIA အတွက်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ရလာဒ် ရည်မှန်းချက် မဟုတ်သေးသလို အစိုးရ၏
အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ကြောင်း ရည်မှန်းချက် လည်းမဟုတ်သေးဟု အကဲခတ်များက
ဆိုပါသည်။
(ရွှေဟင်္သာ)
Kachin Daily News
No comments:
Post a Comment